thiha.jpg
Thi Ha Soe Latt (Interview)
     Webster University Thailand Campus ကနေ (၄၀%) scholarship ရရှိခဲ့တဲ့ သီဟစိုးလတ် အင်တာဗျူး။
1. အမည် ၊ အသက်
     မောင်သီဟစိုးလတ်၊ အသက် (၁၉ နှစ်)
2. မြန်မာနိုင်ငံမှာနောက်ဆုံးပြီးခဲ့ တဲ့ ပညာအရည်အချင်း။
      English Major၊ ၊ First Year (မန္တလေး)
3. Scholarship ဘယ်လောက်ရလဲ။ ဘယ်လိုလျှောက်ခဲ့ တာလဲ၊ ဘာတွေလိုအပ်လဲ။
Webster University Thailand Campus ကနေ (၄၀%) scholarship ရခဲ့ ပါတယ်။ Scholarship ကို တက္ကသိုလ်ဝင်တန်း ရမှတ၊် ကျွန်တော့်ရဲ့  IELTS ရမှတ်တွေကို ယူပြီး Myanmar Search International (MSI) ကပဲတာဝန်ယူလျှောက် ပေးခဲ့တာပါ။ လိုအပ်တာတွေ အားလုံးကိုလည်း MSI ကဘဲ အားလုံး စီစဉ်ပေးခဲ့တာပါ။
4. Scholarship တွေ လျှောက်ထားပေးနေတဲ့ MSI ကိုဘယ်လိုသိခဲ့ တာလဲ။
     ပထမဆုံး Webster ကျောင်းကို စသိတော့ နာမည်ပဲကြားဘူးသေးတာ။ ဘယ်လို Contact လုပ်ရမှန်း လဲမသိဘူး။ Online ပေါ်ကနေပဲ တော်တော်လေး ရှုာခဲ့ ရတယ်။ နောက်ဆုံးရှာရင်းနဲ့  MSI က Webster နဲ့ ပတ်သက်တဲ့  education event(၁)ခုကို တင်ထားတာ တွေ့ ခဲ့တယ်။ MSI ကနေ တဆင့် Webster ကို သွားရတာပဲ ဆိုပြီး ကိုယ့် ဘာသာ ကို Online (facebook) ကနေပဲ MSI Phone Number ယူ ပြီး အမေနဲ့ တိုင်ပင်ပြီး MSI ကိုချက်ချင်း ဖုန်းဆက် မေးခဲ့တယ်။MSI က သေသေချာချာ လေး စိတ်ရှည်ပြီး Webster အကြောင်းကို အသေးစိတ် ရှင်းပြပေးတယ်။ Scholarship (၄၀)% လည်းလျှောက်လို့  ရတယ် ဆိုတော့ အိမ်ကထောက်ရတာလည်းနည်းနည်း သက်သာမှာပဲ ဆိုပြီး တွေးမိ ခဲ့တယ်။ နောက်ဆုံး Thailand ကိုရောက်တဲ့ အထိ MSI ကပဲ သေချာလေး ကူညီပေးခဲ့ပါတယ်။ မန္တလေး က English စာသင်တဲ့ အဒေါ် ဆရာမ Daw Thuzar Latt ကလည်း Webster ကို Recommend ပေးတယ်။
5. အမေရိကန် တက္ကသိုလ် Webster University Thailand Campus မှာဘယ်ဘာသာရပ်ကိုသင်ယူနေပါသလဲ? ဘယ်တုန်းကစတက်ခဲ့ တာလဲ။
Business Management (Marketing) ဘာသာရပ်ကို 2016 March ကနေစပြီး တက်ခဲ့တာပါ။အစကတော့ General Management ပဲယူထားတာပါ။ နောက်မှ Marketing ကစိတ်ဝင်စားစရာကောင်းတော့ အဲဒါ ကို emphasize လုပ်ခဲ့တာပါ။ Marketing က innovate လုပ်ရတာကို လည်းသဘောကျလို့ ပါ။
6. ဒီတက္ကသိုလ်ကိုရွေးချယ်ရတဲ့ အကြောင်းရင်းကိုသိပါရစေ။
“ American University” ဖြစ်လို့ ရယ် ပြီးတော့ ၊ Thailand ဆိုတော့ အိမ်နီးချင်း နိုင်ငံဖြစ်ပြီး နီးတော့ သွားဖြစ်ခဲ့တာပါ။ အဓိကတော့ ကိုယ်ပြီးထားတဲ့ဘာသာရပ် Credits အပေါ်မှုတည်ပြီး Webster University ကနေတခြား American University တွေကို ပြောင်းလို့  ရတယ်ဆိုတော့ စိတ်ဝင်စားမိတယ်။ Thai မှာနေပြီး  American University ကို တက်နိုင်တာကအဓိက အားသာချက်ဖြစ်နေလို့  ရွေးချယ်ခဲ့တာပါ။
7. ဒီကျောင်းမှာကျောင်းတက်နေစဉ်ကာလအတွေ့ အကြုံနဲ့ ၊ အခက်အခဲများရှိခဲ့ ပါကဘယ်လိုကျော်လွှားဖြေရှင်းခဲ့ လဲ သိပါရစေ။
အခက်အခဲတွေ ကတော့ စစချင်းအများကြီးပဲ အဓိကတော့ Myanmar က education system နဲ့  ဒီက education system ကအရမ်းကွာလို့ ပါပဲ။ စစချင်းကတော့ စိတ်ညစ်ခဲ့ ရတယ်။ ဒီမှာက Subject တွေကို ကိုယ်ကြိုက်သလို ကိုယ့် major advisor နဲ့ တိုင်ပင် ပြီးယူလို့ ရတယ်။ Myanmar ကလို ပုံသေယူရမယ့် ဟာလိုမျိုး မသတ်မှတ်ပေးထားဘူး။ ပြီးတော့  Webster Connection (Worldclass) ဆိုပြီး ကျောင်းသားတစ်ယောက်ချင်းစီမှာ account (၁)ခုစီရှိကြတယ်။အဲဒီ Account ကတော်တော်ကို အရေးကြီးတယ်။ ဆရာတွေက Homework, Assignment တွေပေးရင် အဲဒီကပဲ ပေးပြီး၊ ကိုယ်က Assignment ပေးတော့မယ်ဆိုရင် လည်း online ကထပ်ရတယ်။ ကိုယ့်ရဲ့  Grade တွေကိုလဲ ဆရာတွေက အဲဒီမှာပဲ တင်ထားပေးတာပါ။ ဆရာတွေက သူတို့ သင်ခဲ့တဲ့ powerpoint တွေ၊ အခြားစာတွေနဲ့  ပတ်သက်တာတွေကိုလည်း အဲဒီ account ကနေပဲ ယူရတယ်။ ဒီမှာက အကုန်လုံး Internet (၁) ခုပဲ အလုပ်လုပ် နေရတာပါ။ အဲတော့ Internet မရှိရင် နောက်ဆုံး စာကြည့် ရတာကအစ အဆင်မပြေပါဘူး။ ကျောင်းကလည်း Internet ကိုကောင်းကောင်း ပံ့ပိုးပေးထားပါတယ်။
8. အမေရိကန် တက္ကသိုလ်မှာတက်နေတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အမေရိကန်ပညာရေးကိုသုံးသပ်ပေးပါ။
American  ပညာရေးကိုတော့  တော်တော်လေးသဘောကျပါတယ်။  သူက ကျောင်းသား တစ်ယောက်ကို  မိမိMajor နဲ့ ပတ်သက်တဲ့ subject တွေကို ဘွဲ့ရတဲ့ အထိယူဖို့ ပေးပြီးသားပါ။ ကိုယ့်ဘာသာ စဉ်းစားပြီး ဘယ် intake မှာ ဘယ်နှစ်ဘာသာ ယူနိုင်မလဲ ဆုံးဖြစ်ရတယ် ။ Maximum တော့ (၆) ဘာသာပေါ့။ အဲတော့ကိုယ် subject များများယူနိုင်လေ ဘွဲ့မြန်မြန်ရလေပေါ့။ အဓိကကတော့ ကိုယ့်ကို ကိုယ်control လုပ်တတ်အောင်သင်ကြား ပေးတာပါပဲ။
9. Webster တက္ကသိုလ်ရဲ့  Study Abroad Program နဲ့ နိုင်ငံတကာမှာရှိတဲ့ Webster တက္ကသိုလ်တွေကိုသွားရောက်ပညာသင်ဖို့ အစီအစဉ်ရှိလား၊ဘယ်နိုင်ငံကို သွားဖို့ စဉ်းစားထားလဲ။
U.S.A က Webster Main Campus ကိုသွားဖို့ရှိပါတယ်။Thailand Campus ကကျောင်းလခ နဲ့ Study abroad အနေနဲ့သွားမှာပါ။ နောက်ထပ် transfer လုပ်ပြီး U.S.A Webster Main Campus ကနေဘွဲ့ယူမှာပါ။
10. အလုပ်အကိုင်အခွင့်အလမ်းအား သာချက်ဘာတွေရှိလဲ။
အလုပ်အကိုင်အနေနဲ့ကတော့တစ်ချို့ ကလည်း Myanmar မှာပဲပြန်လုပ်တယ်။ တစ်ချို့ ကတော့ တခြားနိုင်ငံ တွေမှာ   လုပ်ကြတယ်။ ကျွန်တော်ကတော့ Fresher ဆိုတော့ လေ့လာနေဆဲပါ။
ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ကတော့ U.S.A ကနေ ဘွဲ့ယူပြီးရင်တခြား နိုင်ငံတစ်ခုမှာ အရင်ဆုံးအလုပ်လုပ်ပြီး experience ယူမယ်။ နောက်တော့ကိုယ်ပိုင်company ထောင်မယ်။ ပြီးတော့ restaurant လည်းဖွင့်ဖို့ စိတ်ကူးထားပါတယ်။
12. MSI အတွက် အကြံပေးစကားနဲ့  နိုင်ငံခြားမှာကျောင်းသွားတက်မယ်ကျောင်းသား/သူတွေအတွက်အကြံပေးစကားလေးပြောပေးပါ။
MSIကိုတော့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။နိုင်ငံခြားမှာကျောင်းတတ်ချင်တဲ့ညီ ညီမငယ်လေးတွေကိုတော့ English Languageကို  ပိုင်အောင် လုပ်ထားပါလို့ ပြောချင်ပါတယ်။ English မရရင်ဒီမှာ ဘာမှလုပ်လို့မရဘူးလေ။ Computer ကိုလည်းသေသေချာချာ သုံးတတ်အောင် သင်ထားဖို့  အကြံပေးချင်ပါတယ်။ Webster ကိုတက်ဖို့ တွက် IELTS 6.0 (OR)  TOFEL 550 လိုအပ်ပါတယ်။ ကျွန်တော်ကတော့အဒေါ်သူဇာလတ်က IELTS သင်တော့သူ့ဆီမှာပဲ level တွေကိုအဆင့်ဆင့် တက်ပြီး ဖြေခဲ့တာပါ။
Comments
There are no comments
Posting comments after three months has been disabled.