22446793_306753319801148_569721613_n.jpg

Kaung Ye Marn Interview

“မိမိကိုယ်ပိုင် Start-Up Business ကနေစပြီး IT လောကကို တစ်ဖက်တစ်လှမ်းက ကူညီပေးသွားမှာပါလို့” ပြောကြားခဲ့တဲ့ အမေရိကန် Webster University (Thailand Campus) ရဲ့ (၅၀%) ပညာသင်ဆုရ ကျောင်းသား မောင်ကောင်းရဲမာန် အင်တာဗျူး။

 
၁။ အမည်၊အသက်၊နေရပ်လိပ်စာ။
    ကောင်းရဲမာန်၊ အသက် (၂၀) နှစ်၊ အမှတ် (၂၀)၊တိုက်အမှတ် (၆၁)၊ န၀ဒေးအိမ်ရာ၊လှိုင်သာယာမြို့နယ်မှာနေထိုင်ပါတယ်။

၂။ ယခုတက်ရောက်နေတဲ့ ကျောင်းအမည်နဲ့ဘာသာရပ်။
    Webster University (Thailand Campus)  မှာ Computer Science and Minor in Management ဘာသာရပ်ကိုတက်  ရောက်နေပါတယ်။

၃။မြန်မာနိုင်ငံမှာ နောက်ဆုံးပြီးဆုံးခဲ့တဲ့ ပညာအရည်အချင်းနဲ့ Webster University ရဲ့ကျောင်းဝင်ခွင့်များ။
  ကျွန်တော် Global Assessment Certificate, Foundation Program and ACT ပြီးခဲ့ပါတယ်။ ကျောင်းမှာလည်းတစ်ဖက်တစ်လမ်းကစာသင်ရင်းနဲ့  အတွေ့အကြုံယူခဲ့ပါတယ်။  ACT မတက်လည်းရပါတယ်။ မြန်မာနိုင်ငံရဲ့ (၁၀)တန်းအောင်မြင်ပြီးသား၊ IGCSE အောင်မြင်ပြီးသားသူတွေလည်းတိုက်ရိုက် Webster University First Year ကနေလာတက်နေကြတဲ့ ကျောင်းသူ/ကျောင်းသားတွေများတယ်။
 
၎။ အမေရိကန် တက္ကသိုလ်ရဲ့BS in Computer Science ဘာသာရပ် ကိုရွေးချယ်ရတဲ့ အကြောင်းအရင်း။
    ကျွန်တော် ကွန်ပျူတာကို အချိန်တိုင်းအသုံးပြုတယ်။ IT နည်းပညာတွေက တစ်ရက်နဲ့တစ်ရက် တိုးတက်ပြောင်းလဲနေတာ၊ အဲဒါ တွေကိုလေ့လာအသုံးချပြီးမြန်မာနိုင်ငံမှာပါ တိုးတက်စေချင်လို့ပါ။

၅။ ပညာသင်ဆု ရာခိုင်နှုန်း ဘယ်လောက်ရရှိခဲ့လဲ၊ ပညာသင်ဆုရရှိအောင် မြန်မာနိုင်ငံကနေ ဘယ်လိုရယူလျှောက်ထားခဲ့လဲ။
 ကျောင်းလခ(၅၀%)ကိုပညာသင်ဆုဆိုတဲ့ခံစားခွင့်နဲ့လျှော့ပေါ့ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ ကျောင်းအောင် လက်မှတ်တွေ၊ IELTS စာရွက်စာတမ်းအပြည့်အစုံကို MSI ရဲ့အကူအညီနဲ့ လျှောက်ထားခဲ့ပါတယ်။  တစ်ခုကောင်းတာကနိုင်ငံကြီးတွေကိုလျှောက်  သလိုမျိုး Bank Statement စာရွက်စာတမ်းတွေကသိပ် Strict မဖြစ်သေးဘူး။ Academic စာရွက်စာတမ်းတွေကအဓိကကျတယ်။

၆။ Myanmar Search International (MSI) နဲ့ ကျောင်းအပ်ဖို့ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။
    MSI က အချိန်မဆွဲဘူး။ချက်ချင်းကျောင်းလျှောက်ပေးတယ်။ ကျွန်တော်ကိုယ့်ဘာသာ ကိုယ်ကျောင်း လျှောက်ကြည့်တယ်။ Decline ဖြစ်တယ်။ Depression ၀င်သွားပြီး Gap  year ယူလိုက်ပါတယ်။နောက်ပြီးမှ MSI ကို ပွဲတစ်ပွဲမှာတွေပြီး Webster University ကို လျှောက်ဖြစ်သွားတာပါ။ US Degree ဆိုတော့ ကိုယ်လိုချင်တာနဲ့ အတော်ပဲပေါ့။

၇။ အမေရိကန် ပညာရေး စနစ်လမ်းကြောင်းကို ရွေးချယ်ရတဲ့ အကြောင်းအရင်း။
    ငယ်ငယ်ထဲက International School နေလာတော့ အစိုးရတက္ကသိုလ် တက်လို့မရတာကတစ်ကြောင်း၊ US System က Liberal ကျပြီး Flexible ဖြစ်တဲ့အတွက်ရွေးချယ်လိုက်တာပါ၊ Curriculum-based ဆိုတော့ Exam နဲ့တင် မအောင်နိုင်ပါဘူး။ အမေရိကန် Education System က ကျွန်တော်တို့နဲ့တော်တော် အက်စပ်တော့ ကျောင်းအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
 
 
၈။ Computer science ဘာသာရပ်ကို သင်ကြားခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ IT လိုအပ်ချက်တွေကို ဘယ်လောက်ထိအကျိုးပြု မယ်လို့ထင်လဲ။
    အကျိုးပြုတာကတော့ လက်တွေ့လုပ်မှ ယှဉ်ကြည့်လို့ရမှာပါ။သေချာတာကတော့ ကျွန်တော် Management လဲတက်နေတာဆိုတော့ ကိုယ့် “Start-Up Business”  ကနေစပြီး IT လောကကို တစ်ဖက်တစ်လှမ်းက ကူညီပေး သွားမှာပါ။
၉။ Webster University (Thailand Campus) မှာ မြန်မာကျောင်းသူ/သားတွေအတွက် ဘယ်လိုအခွင့်အလမ်းကောင်း တွေရရှိနိုင်မလဲ။
    ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရင်တော့အခွင့်အရေးတွေက အများကြီးပါ။ Webster Social Clubs ပေါင်းစုံမရှိပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ Activities တွေကိုပါဝင်လို့ရတယ်။ ကျောင်းသားခေါင်းဆောင်လည်း လုပ်လို့ရတယ်။အဲဒီ့လို ဖြစ်ဖို့တော့ Communication ကောင်းကောင်းရှိပြီး လူများများနဲ့ ဆက်ဆံမှ အောင်မြင်မှာပါ။ University Life ကတော့စာအပြင် လုပ်စရာတွေများပါတယ်။

၁၀။ International ကျောင်းသူ/သားတွေအတွက် School Activities တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းလွယ်ကူအောင်  ဘယ်လိုတွေပြုလုပ်ပေးလဲ။
      Career Fair တို့ Site Trips တို့လုပ်လေ့ရှိတယ်။ ကိုယ့် Resume ၊ CV တို့ကိုကောင်းကောင်း ရေးတက်အောင် Workshop တွေ အမြဲလိုလို Webster ကျောင်းကလုပ်ပေးတယ်။ ဒီလိုဟာတွေကိုကောင်းကောင်းအသုံးချနိုင်ရင် Internship (အလုပ်သင်)လုပ်ဖို့အခွင့်အရေးတွေလွယ်လွယ်ရနိုင်တယ်။

၁၁။ Webster University (Thailand Campus) ရဲ့ Internship Program ကကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ ဘယ်လောက်အထိအကျိုးပြုနိုင်လဲ။
      Clubs တွေ Business World ကိုထိတွေ့လုပ်ကိုင်ရမှာပါ။ Internship (အလုပ်သင်) လုပ်ခြင်းရဲ့ အားသာချက် တစ်ချက်က ကြိုးစားရင် အလုပ်တောင်နောက်ပိုင်း အဲဒီ့ကုမ္ပဏီကြီးတွေမှာ ပြန်လုပ်လို့ရတယ်။ နိုင်ငံခြားမှာ အလုပ်ရဖို့မခက်ခဲတော့ဘူး ထိုင်းနိုင်ငံမှာက နိုင်ငံတကာကုမ္ပဏီကြီးတွေအရမ်းများတယ်။ (If they like your performances)

၁၂။ Study Abroad Program (သို့) Transfer Program နဲ့ Main Campus ဖြစ်တဲ့ အမေရိကန် နိုင်ငံကိုကူးပြောင်းပြီး တက်မှာလား။အခြားဥရောပ Campus တွေမှာဆက်တက်မှာလား။
       Final Year လောက်မှာ Europe က Campus တစ်ခုခုကို ကူးပြောင်းဖြစ်ဖို့များတယ်။ Main Campus (အမေရိကန်)ကိုတော့မဟုတ်ဘူး၊အခု junior standing ရောက်ပြီဆိုတော့ သိပ့်တော့မလိုတော့ဘူး။ Study Abroad Program ကို အရင်လုပ်ကြည့်ပြီးမှ ဆုံးဖြတ်မှာပါ။ Study Abroad Program က ကျွန်တော်တို့အတွက် အရမ်းကောင်းတယ်။ Study Abroad Program ကိုယူမယ်ဆိုရင် အခုတက်နေတဲ့ Thailand Campus က သွားမယ့်နိုင်ငံရဲ့ အသွားအပြန် လေယာဉ်လက်မှတ်ဖိုးကို “Free” စီစဉ်ပေးတယ်။ကျောင်းလခကတော့ ကိုယ်ရွေးချယ်တက်ရောက်မယ့် Campus တွေမှာ ထိုင်းနိုင်ငံရဲ့ မူရင်းကျောင်းလခနဲ့ (1) Semester (သို့) (1) Year ကိုသွားတက်လို့ရတယ်။

၁၃။  ပြည်ပမှာကျောင်းသွားတက်မယ့် ကျောင်းသူ/သားတွေအတွက် ကြိုတင်ပြင်ဆင်ပုံနှင့် အကြံပြုချက်။
       ကျွန်တော်ကတော့ သိပ်ပြင်ဆင်စရာမလိုလိုက်ဘူး။ English Based ကောင်းအောင်လုပ်ပြီး ကိုယ်တက်ချင်တဲ့ Major ပေါ်မူတည်ပြီး သင်တန်းတွေတက်တာ အကောင်းဆုံးပါ။ Communicate များများ လုပ်ပါ ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ Network ကိုကျွမ်းကျင်အောင်လုပ်ပါ။

၁၄။ ပြည်ပမှာကျောင်းသွားတက်မယ့် ကျောင်းသူ/သား တွေအတွက် အကြုံပြုချက်။
      Social, Personal Skills တွေတိုးတက်ပြောင်းလဲအောင်လုပ်ပါ။ Presentations တွေအများကြီးလုပ်ရတယ်။ Confidence တိုးအောင်အားစိုက်ပါ။ ဒါဆိုလုံလောက်ပါပြီ။မြန်မာနိုင်ငံမှာတော့ သိပ်ပြီးအချိန်မယူစေချင်ဘူး။ English Skill နဲ့ Computer Skill ကို ကျွမ်းကျင်အောင်လုပ်ထားပါ။ 

၁၅။ အနာဂတ်ရည်မှန်းချက်။
     Computer skills ကောင်းအောင်လုပ်ပါ နေ့တိုင်းအဲဒါတွေနဲ့ပဲ ထိတွေ့နေရလိုပါ။ သင်တန်းတိုသင်တန်းရှည် တွေ သိပ်ပြီးမစဉ်းစားပါနဲ့။ အကယ်လို့အချိန်ပေးနိုင်ရင် ကိုယ်အတွက် အကျိုးရှိမှာတွေ ရှာဖွေထားပါ။Manage လုပ်လို့လွယ်တာပေါ့။

Comments

There are no comments

Posting comments after three months has been disabled.